ဟိုးရှေးရှေးတုန်းက…………….
ကောင်လေး တစ်ယောက်က ကောင်မလေး တစ်ယောက်ကို ပြောလိုက်တယ် အရမ်း ချစ်တယ် တဲ့.. ။
ကောင်မလေးက ကြောက်သလိုလိုလေး ဖြစ်ပြီးတော့ ပြန်ပြောတယ် မချစ်ချင်ပါဘူး.. သူငယ်ချင်း လိုဘဲ နေရအောင် ပါတဲ့.။ ဒါမှ ပိုခိုင်ခိုင်မြဲမြဲနဲ့ ကြာကြာရှည်ရှည် ချစ်လို့ရမှာတဲ့..။ ကောင်လေးက လက်မခံပါဘူး..။
ချစ်သူတွေလောက် ဘယ်အရာက ပိုခိုင်မာနိုင်မှာ မို့လို့လဲတဲ့ သူငယ်ချင်းတွေက မခွဲ နိုင်အောင် ချစ်တတ် လို့လားတဲ့…ပြန်ပြောလိုက်တယ်..။
ကောင်မလေးက ကြောင်တောင်တောင် ပြန်စဉ်းစား လိုက်တယ်..။
ဟုတ်တယ်နော်တဲ့..။
ကောင်လေးက ဆက်ပြောတယ်။ နင်နဲ့ သူငယ်ချင်းလို နေမယ့် အစား နင် မုန်းတာကိုဘဲ ငါခံလိုက်တော့မယ်.. ငါ့ကို ရန်သူ တစ်ယောက်လို သဘောထား လိုက်ပါတော့တဲ့..။
ကောင်မလေး မျက်လုံးလေး အရောင် လက်သွားတယ်..။ ပြီးတော့ ၀မ်းနည်း သလို အသံငယ်လေးနဲ့ပြောတယ်။
နင်က လူကောင်း တစ်ယောက်ဘဲ .. ကိုယ့်အပေါ် ကောင်းတဲ့ လူကောင်း တစ်ယောက်ကို ငါက ဘယ်လိုလုပ် မုန်းရမှာလဲ ဘယ်လိုလုပ် ရန်သူတွေလို နေလို့ရမှာလဲတဲ့… ။
ကောင်လေးက ပြုံးလိုက်တယ်..
ဒါဆိုချစ်လိုက်ပေါ့ဟာ..။
မချစ်ရဲပါဘူးဟာ..ဒီလိုဘဲနေရအောင်ပါ…တဲ့။