Saturday, August 17, 2013

ဖြစ်ချင်တိုင်းမဖြစ်ရ

မိမိတွင်ရှိ ပိုင်ဆိုင်ဟု ဆိုရကောင်းဌာ
ခိုင်ခိုင်မာမာ ရှိနေသော 
ထို ဘလော့လေးအား မကြာမကြာတော့ 
လာလာတင်မည်ဟု 
စိတ်တွင် ဆုံးဖြတ် ခံယူထားသော်လည်း 
လူ့ဘောင်လောက လူ့ဘဝကား 
ကြံရဖန်ရ လှုပ်ရှားရဦးမည်ပါကလား.. 

ဟိုနေ့တင်မည် ဒီနေ့ တင်မည် 
ဟိုအကြောင်းရှဲမည် ဒီအကြောင်းရှဲမည်နှင့် 
စိတ်တွင် အစဉ် သွင်းသော်လည်း 
စိတ်က typing လက်သို့ မရောက်သော် အရာရာ အချည်းနှီးရာမိ
အကြံဥာဏ်များ တုံးလာ၏

တနားစရာ မိမိ ဘလော့ခမျာ 
သူ့ချည်း ကြဲကြဲ အထီးကျန်ရာ 
ဟိုမျှော် ဒီမျှော် ခြောက်တီး ခြောက်ကတ် 
တောက်တီး တောက်တက် များတောင် 
ပေါ်မလာမည်လားဟု မိမိအား မျှော်နေသယောင်ယောင် 
လွမ်းမိပါဘိ...  

မြင်သာ မြင်ရာ မကြင်ရဆိုလည်း
ခံနိုင်စွမ်းပါ၏
ခုတော့ မမြင် ကြင်ဖို့ဝေးစွ 
အီတလည်လည်နှင့် 
ကြောင်တောင်စမ်းပါသည် 

ချစ်ဘလော့လေးရေ.... 


csdKcsOfzefwl;


0 comments:

Post a Comment

Note: Only a member of this blog may post a comment.

 
Design by