၁) အပြုံးဟာ လူကို ပိုပြီး ဆွဲဆောင်မှု ရှိစေတယ်
အမှတ် တမဲ့ ပြုံးလိုက် ခြင်းဟာ လူကို ပိုပြီး ဆွဲဆောင်မှု ရှိစေပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သူ့မှာ မမျှော်လင့် ထားတဲ့ ပြောင်းလဲမှု တစ်ခုကို ရုတ်တရက် ပြောင်းပြီး ပြုံးသွား တာဟာလည်း ဆွဲဆောင်ခြင်း အချက် တစ်ချက် ပါဝင် နေပါတယ်။ ပြီးတော့ ဒီလို တစ်ချက်လေး ပြုံးလိုက်ခြင်းက မျက်နှာ မအီ မသာ ဖြစ်နေတာ ငူငူ ငိုင်ငိုင် ဖြစ်နေတာ မကြည် မလင် ဖြစ်နေတာ ထက်စာရင်တော့ အလွန် ကြည့်ကောင်း ပါတယ်။
၂) အပြုံးဟာ လူတစ်ယောက်ရဲ့ စိတ်နေကိုလည်း ပြောင်းလဲ နိုင်တယ်
တကယ်လို့ သင်ဟာ ပြုံးဖို့ စိတ်မပါဘူး ဆိုရင်တောင် ကိုယ့်ကိုကိုယ် ဟန်ဆောင်ပြီး ပြုံးဖြစ်အောင် ပြုံးလိုက်ပါ။ ပထမတော့ စိတ်ညစ် နေရင်းမှ ဟန်ဆောင် လုပ်ဇာတ် ပြုံးနေရင်း နောက်ပိုင်း သင့်စိတ်ကိုပါ တကယ် ပျော်ရွှင်လာ စေပါတယ်။
၃) အပြုံးဆိုတာ ကူးစက်ရောဂါ တစ်ခုပါပဲ
သင် ကိုယ်တိုင် ပြုံးနေခြင်းက သင့်ရဲ့ စိတ်တွေကို ပျော်ရွှင် စေတာ မက သင့် ပတ်ဝန်းကျင်မှာ ရှိတဲ့ လူသား တိုင်းကိုလည်း ကြည်နူး ပျော်ရွှင် လာစေ ပါတယ်။ ဒါဟာ ဘာကြောင့်လဲ ဆိုတော့ အပြုံးဟာ ကူးစက် တတ်တဲ့ ရောဂါ တစ်ခု လိုပါပဲ အနား တဝိုက်က လူသား တိုင်းကို အပျော်တွေ အပြုံးတွေ ကူးစက် စေပါတယ်။
၎) စိတ်ဖိစီးမှုကို လျှော့ချနိုင်သော အပြုံး
သင် ဘယ်လောက် စိတ်ညစ် ပါစေ စိတ်ဖိစီး ပါစေ သင်ဟာ ပြုံးနေ လိုက်မယ်ဆို သင့်ရဲ့ မောပန်း နေတဲ့ စိတ် အာရုံ တွေဟာ အလျင် အမြန် လျော့ကျ လာစေမှာ ဖြစ်ပါတယ်။ တကယ်လို့ သင်ဟာ သိပ်ကို စိတ် ပင်ပန်း စိတ် ဖိစီး နေပြီ ဆိုရင်တော့ မျက်နှာကို ပြုံးနိုင်အောင် အချိန်ပေး ကြိုးစားပြီး ပြုံးဖြစ်အောင် ပြုံးလိုက်ပါ။
၅) အပြုံးက ခုခံအား ကောင်းစေတယ်
အပြုံးဟာ သင့်ရဲ့ ခုခံနိုင် စွမ်းအား အလုပ် ဒါမှမဟုတ် ဘယ်လို အရာမျိုးက မဆို ပင်ပန်း ဆင်းရဲ ခြင်းဒဏ်ကို ကြံ့ကြံ့ခံ နိုင်အောင် လေ့ကျင့် ပေးတယ်။ လူတစ်ယောက်ဟာ ပြုံးလိုက်ရင် ခုခံအား ကောင်းလာတယ်။ နောက်ပြီး ဒီလူကို စိတ်ပေါ့ပါး စေတယ်။ ပြီးတော့မှ ဘေးက ရောဂါတွေ နေမကောင်း ဖြစ်စေနိုင်တဲ့ အရာတွေကို အလိုလို ကာကွယ် ပြီးသား ဖြစ်သွားတယ်။
၆) အပြုံးက သွေးပေါင် တက်တာကို ကာကွယ် သေးတယ်
ပြုံးနေခြင်းက ကျန်းမာရေး အမြင်နဲ့ သွေးတိုး ရောဂါ ရှိတဲ့ သူတွေကို သွေးပေါင် တက်မှု ကျစေတယ် လို့လည်း ဆိုကြတယ်။ မယုံဘူး ဆိုရင် ထိုင်ခုံမှာ ထိုင်ပြီး စာဖတ် နေရင်း သွေးပေါင်ကို ချိန်ကြည့်ပါ။ နောက်ပြီး ပြုံးနေပြီးမှ သွေးပေါင်ကို ချိန် ကြည့်လိုက်ပါ။ ထူးခြားစွာ ကွာခြားချက် ကိုလည်း သိသိ သာသာ တွေ့နိုင်တယ် လို့လည်း ဆိုတယ်နော်။
၈) ပြုံးနေ တတ်တဲ့ သူဟာ နုပျိုတယ်
များများ ပြုံးနိုင်လေလေ နုပျို လေလေ ပါပဲတဲ့။ ပြုံးလိုက်တော့ မျက်နှာမှာ ရှိတဲ့ ကြွက်သားတွေက ရှုံ့လိုက် ဆန့်လိုက် လုပ်ပေးလို့ ရုပ်ကို ပိုမို ငယ်စေတယ်။ ဒါကြောင့် အားနေရင် ကြိုးစားပြီး ပြုံးနေကြည့်ပါ။ ပိုထူးခြား ကောင်းမွန်တဲ့ ခံစားမှု တစ်ခုနဲ့ ငယ်ရွယ်ခြင်း တွေကို ရရှိနိုင်မှာ သေချာ ပါတယ်။
၉) ပြုံးနေတဲ့ သူတွေက ပိုပြီး အောင်မြင် ကြတယ်
ပြုံးနေတဲ့ သူကို ကြည့်လိုက်ရင် သူများထက် ပိုပြီး မိမိ ကိုယ်ကိုယ် ယုံကြည်မှု ရှိသူလို့ ထင်ရတယ်။ ဒါကြောင့် ကိုယ်နဲ့ တွေ့ဆုံတဲ့ သူတွေကို အပြုံးနဲ့ တွေ့လိုက်ရင်တော့ ထူးခြားတဲ့ တန်ပြန်မှု မျိုးကို ကြုံတွေ့ နိုင်ပါတယ်။
၁၀) အပြုံးက လူတွေကို အကောင်း မြင်ဝါဒ ဖြစ်စေတယ်
အပြုံးဟာ လူတွေ ရဲ့ အတွေး အခေါ်တွေကို ကောင်းတဲ့ဘက် အကောင်းမြင် ဝါဒကို ပိုဖြစ် စေတယ်။ မကောင်းမြင် ဝါဒကို လျှော့ချ စေတယ်။ စိတ်ဓာတ်ကျ တာတွေ စိတ် ဖိစီး နေတာတွေ စိတ်သောက ရောက်နေတာ တွေကို လျှော့ချ ပေးတဲ့နောက် လူ့ကျန်းမာရေးကို ပိုမို ကောင်းမွန် စေတယ်။ နောက်ပြီး ရောဂါ အမျိုးမျိုး ရန်ကလည်း ကာကွယ် ပေးပါသေးတယ်။
Reference: Love "The UnExPressEd FeeLinGs"

၇) အပြုံးဟာ ဦးနှောက်က နာကျင်မှုကို လျှော့ချ စေတဲ့ ဆဲလ်တွေကို ထုတ်ပေးတယ်
စာထဲမှာ ဖော်ပြထားတယ်။ အပြုံးဟာ ဦးနှောက်က နာကျင်မှုကို လျှော့ချနိုင်တဲ့ ဆေးလို အစွမ်းကိုလည်း ထုတ်ပေးတယ်။ နောက်ပြီး သွေးကြောထဲမှာ ရှိတဲ့ နာကျင်မှု ပျောက်နိုင်တဲ့ ဆဲလ်တွေကိုလည်း ထုတ်ပေးနိုင်တယ်လို့ ဆိုတယ်။ ဒါကြောင့် အပြုံးဟာ သဘာဝ ဆေးဝါး တစ်ခုလိုပဲ ခန္ဒာကိုယ်ကို ကူညီ ပေးတယ်။

ကဲဒီလိုဆို နောက်ကျ မနေပဲ ခုချက်ချင်းပဲ တစ်ယောက်တည်း ကြိတ်ပြုံးလိုက်ရအောင်… ဟီးဟီး..
0 comments:
Post a Comment
Note: Only a member of this blog may post a comment.