ဒီနေ့ နောက်ပိုင်း ခေတ်မှာ တက်တူးကို လူ အတော် များများက တွင်တွင် ကျယ်ကျယ်ကို ရေးထိုး လာကြ ပါတယ်။ သာမာန် ရိုးရိုး လူများနဲ့ အောင်မြင် ကျော်ကြား သူများလည်း တက်တူး အလှ ထိုးခြင်းများ ပြုလုပ် လာကြ ပါတယ်။ ဒါကြောင့် တကယ့်ကို စိတ်ကြိုက် လှပတဲ့ အကောင်းဆုံး ပုံတစ်ခုကို ရွေးပါ ဆိုရင်တော့ အတော်ကို ဆုံးဖြတ်ရ ခက်ပါတယ်။ ဒါပေမယ့် မိမိ စိတ်ကြိုက် အိုင်ဒီယာ ရှိတဲ့ ပုံမျိုး ကိုယ်ပိုင် ခံစားချက်နဲ့ ရူးသွပ်တဲ့ ပုံမျိုးကို ရွေးချယ် ရင်လည်း အဆင်ပြေ နိုင်ပါတယ်။ တကယ်လို့ သင်ဟာ မိန်းမ ဆန်တဲ့ နူးညံ့ လှပတဲ့ တက်တူးမျိုး ကိုရှာ နေတယ် ဆိုရင်တော့ လိပ်ပြာပုံ တက်တူး ကတော့ သင့်အတွက် အသင့် တော်ဆုံး ပါပဲ။ ယောကျာ်းရော မိန်းမတွေ အတွက်ပါ လိုက်ဖက် ပေမယ့် မိန်းကလေး တွေက ပိုရွေးချယ် လေ့ရှိတာ တွေ့ရပါတယ်။ များသော အားဖြင့် နောက်ကျောဘက် ဒါမှ မဟုတ် ခြေသလုံးမှာ ထိုးလေ့ ရှိပါတယ်။
ပထမ ဦးစွာ လိပ်ပြာ ဆိုတာ လှပခြင်း ကျက်သရေ ရှိခြင်းတို့ကို
ကိုယ်စား ပြုတယ်။ သူ့ရဲ့ ရောင်တွေ ဒီဇိုင်းတွေ အတောင်ပံ တွေရဲ့ လှပမှု ကိုတော့
ဘယ်သူမှ မငြင်း နိုင်ပါဘူး။ နူးညံ့တဲ့ လှပ မှုကြောင့် မိန်းကလေး တွေကြားမှာ ဒီ
လိပ်ပြာပုံ တက်တူး များဟာ ရေပန်းစား လာခြင်းပဲ ဖြစ်ပါတယ်။ ဒုတိယ အနေနဲ့ ကတော့ သူတို့ဟာ သူတို့ရဲ့ ဘဝ အစ ပိုးလောက် လန်းလေး
ဖြစ်ပြီးမှာ တစ်ဆင့်နဲ့ တစ်ဆင့် ပြောင်းလဲမှုတွေ ဖြစ်လာပြီး နောက်ဆုံး မှာတော့
လှပတဲ့ လိပ်ပြာ ဘဝကို ရောက်လာ ကြတာ ဖြစ်ပါတယ်။ သူတို့ရဲ့ ဘဝဟာ ဘယ်လိုမှ မတူညီတဲ့
ဘဝ တစ်ခု ကနေ နောက်ဘဝ တစ်ခုကို လုံးဝ ပြောင်းလဲ သွားတာမျိုး ဖြစ်လို့ တကယ်လို့
သင်ဟာ သင့်ဘဝမှာ ဒီလို ရုတ်ချည်း မတူညီတဲ့ တိုးတက် ပြောင်းလဲတဲ့ ဘဝမျိုး
လိုချင်တယ်ဆို ဒီ လိပ်ပြာပုံ တက်တူးကို ထိုးနိုင် ပါတယ်။
လွတ်လပ်ခြင်း ဆိုတာ တက်တူးရဲ့ နောက် အဓိပ္ပာယ် တစ်မျိုး ပါပဲ။
ဒီလို ပါပဲ လူတွေ ကလည်း လိပ်ပြာ များကို ကြည့်ပြီး သူတို့ ဟာ လောကမှာ လွတ်လပ်စွာ
ကောင်းကင်မှာ ပျံသန်း သူများ ဖြစ်ကြတယ်။ လွတ်လပ်ပြီး မှီခိုမှု ကင်းကြတယ် လို့ယူဆ
ကြတယ်။ လိပ်ပြာများ ကိုယ်တိုင် ဟာလည်း ဘဝရဲ့ ခဏတာမှာ နူးနူး ညံ့ညံ့ သိမ်သိမ်
မွေ့မွေ့နဲ့ ပျက်စီး လွယ်သော်လည်း လွတ်လွတ် လပ်လပ် အပူ အပင် မရှိသာ နေကြတယ်လို့
သူတို့ ဘာသာ အဓိပ္ပာယ် ဖော်နေတယ် လို့ ယူဆကြပါတယ်။
ထို့နည်း တူစွာ ကမ္ဘာကြီး ပေါ်မှာ လိပ်ပြာ တွေဟာ ပန်းပွင့် တစ်ပွင့်နဲ့ တစ်ပွင့်ဆီ ကူးလူး ဆက်သွယ်ပြီး အစား အားများ စုဆောင်း ကြတယ်။ ဒါမှ တည်ငြိမ်မှု မရှိတာကို ပြပါတယ်။ လိပ်ပြာ တက်တူး ဒီဇိုင်းဟာ စိတ္တဇ ဆန်ဆန် ဝိညာဉ် ဆန်ဆန် အဓိပ္ပာယ် ကိုလည်း ဖော်ပြတယ်။ ဂရိ ယဉ်ကျေးမှု ကတော့ လိပ်ပြာဆိုတာ ခရီး တစ်ခုရဲ့ ဝိညာဉ် တစ်ခုပဲ။ သူ့ကို မွေးဖွား လာတယ်။ နောက်ပြီး ဘဝရဲ့ ခရီး ကြမ်းတွေ ကိုလည်း ဖြတ်သန်း ပေးတယ်။ နောက်ပြီး သေဆုံးတယ်။ ပြန်မွေး ဖွားတယ်။ နောက်ပြီး လိပ်ပြာ တွေဟာ လူ့အသက် ဝိညာဉ်ကို နှုတ်ယူပြီး ကမ္ဘာကြီး ကနေ နတ်ပြည်ထိ ယူဆောင် သွားပေး နိုင်တယ်လို့ ဆိုတယ်။ ဒါကြောင့် လူတွေရဲ့ ဝန်းကျင် မှာလည်း လိပ်ပြာ တွေဟာ ခြံရံ နေကြတယ်။
ဟိုးရှေး ခေတ်ကဆို ဒီလိပ်ပြာ တွေမှာ မှော်ဆန်တဲ့ စွမ်းအား
တစ်မျိုး ရှိတယ်လို့ ဆိုတယ်။ လွတ်လပ်တဲ့ ဝိညာဉ် တစ်ခု လို့လည်း ယူဆ ကြတယ်။
တရုတ် ယဉ်ကျေးမှု အရတော့ လိပ်ပြာ ဆိုတာ ပျော်ရွှင်မှု ပြောင်းလဲ
ဖြစ်ပေါ်မှုနဲ့ ကံကောင်းခြင်းကို ဦးတည်မှုလို့ ဆိုပါတယ်။
Reference : http://www.buzzle.com/articles/butterfly-tattoos-meaning.html
မတော်တဆ အမှားများ ပါရင် ခွင့်လွှတ်ပေးရန်
တောင်းပန်လိုက်ပါတယ်ရှင်။ ဓာတ်ပုံများကိုတော့ ကိုယ်နှစ်သက်တဲ့ ပုံများကို Google မှ
search ပြီး ကူးယူ ဖော်ပြ ခြင်း ဖြစ်ပါတယ်။
0 comments:
Post a Comment
Note: Only a member of this blog may post a comment.