Sunday, March 24, 2013

Polynesians tattoo များ သမိုင်း အကျဉ်းနှင့် ရိုးရာ

Polynesian tattoo များရဲ့ အနု ပညာဟာ Polynesian culture နဲ့ ဆက်သွယ်မှု ရှိနေပါတယ်။ ဒီတက်တူး မျိုးကို သူတို့ မျိုးနွယ် များရဲ့ ရိုးရာ ပွဲတော်များ ကျင်းပချိန် ရိုးရာ ကပွဲများ ကျင်းပ နေချိန် မှာ တေးဂီတ များနဲ့ ပျော်ရွှင် နေချိန် မျိုးမှာ ရေးထိုး လေ့ရှိ ပါတယ်။ ဒီလို တက်တူးမျိုး ထိုးချင်တဲ့ သူဟာလည်း သူတို့ သတ်မှတ် ထားတဲ့ တက်တူး မထိုးခင်နဲ့ ထိုးပြီး စည်းမျဉ်း စည်းကမ်းကို လိုက်နာ နိုင်တဲ့ သူသာ ထိုးခွင့် ပြုခြင်း ခံရမှာပါ။ ဟိုးတုန်း ကတော့ ဒီလို တက်တူးများ ထိုးတဲ့ အခါ ဆီ တစ်ခုခုလို အဆီလိုမျိုးကို ကိရိယာ တစ်မျိုး ဥပမာ အားဖြင့် ငှက် ဒါမှ မဟုတ် အခြား တိရိစ္ဆာန်များရဲ့ အရိုး၊ လိပ်ရဲ့ အခွံများ၊ ဝါး နဲ့ အဲ့ဒိလို ပစ္စည်းများနဲ့ ဆင်တူတဲ့ အရာမျိုး တွေကို သုံးပြီး ခန္ဒာ ကိုယ်ပေါ်မှာ ထိုးလေ့ ရှိပါတယ်။ ဒီလို ထိုးပြီး ပြီးချင်း မှာတော့ အနာ ကျက်ဖို့ အချိန် အတော်ကြာ စောင့်ရပါတယ်။ စောင့်ပြီးလို့ နောက်ဆုံး ရလာတဲ့ အခါမှာတော့ သိပ်ကို ကြွားဝါပြီး စွမ်းအား များနဲ့ အမှန် တကယ် ပြည့်ဝ နေတဲ့ ရုပ်လုံး ရုပ်ကြွမျိုး ပိုင်ဆိုင် နိုင်မှာ ဖြစ်ပါတယ်။ ဒီလို တက်တူးမျိုးကို အနည်းဆုံး အသက် ဆယ့်နှစ်နှစ်က စလို့ ထိုးနိုင်ပါတယ်။
ဒီလို တက်တူးမျိုးကို အနည်းဆုံး အသက် ဆယ့်နှစ်နှစ်က စလို့ ထိုးနိုင်ပါတယ်။ ဒီအရွယ်က ကလေး ဘဝ ကနေ လူကြီး ဘဝကို စပ်ကူး မတ်ကူး ကူးပြောင်း နေတဲ့ အချိန်မို့ တက်တူး ထိုးခြင်းကို ခံနိုင်ရည် ရှိပြီလို့ ယူဆ ပါတယ်။ Polynesians တွေရဲ့ ယဉ်ကျေးမှု ကတော့ အောင်မြင် မှုတွေ ရတိုင်း ဒီတက်တူးများ ကိုယ်ပေါ်မှာ ထပ်ထိုး ထပ်ထိုးခြင်းနဲ့ မိမိ ကိုယ်ကိုနဲ့ မိမိ အောင်မြင် မှုကို ဂုဏ်ပြုလေ့ ရှိပါတယ်။ နောက်ထပ် အောင်မြင် မှုတွေ ရလေလေ နောက်ထပ် အသစ် အသစ်သော တက်တူးတွေကို ထပ်ထပ် ထိုးလေ့ ရှိပါတယ်။ ခန္ဒာကိုယ် ပေါ်မှာ ဒီလို တက်တူးတွေ များများ ရှိခြင်းက သူတို့လူမျိုးရဲ့ ယုံကြည်စရာ လေးစားစရာ ပြယုဂ် တစ်ခုလည်း ဖြစ်ပါတယ်။ သူတို့ မျိုးနွယ်စု မှာတော့ ယောကျာ်း များသာ မက မိန်းမ များလည်း ဒီလို တက်တူး မျိုးများ ခန္ဒာ ကိုယ်ပေါ် ရေးထိုးလေ့ ရှိပါတယ်။ ဒါပေမယ့် မိန်းမ များမှာတော့ အချို့ သော ခန္ဒာ အစိတ် အပိုင်း နေရာများကို တက်တူး မထိုးရန် ကန့်သတ် ထားပါတယ်။ ဥပမာ လက်မောင်း၊ မေးစေ့၊ နှုတ်ခမ်း နှင့် လက်ဖဝါး အစရှိသည့် နေရာများ ဖြစ်ပါတယ်။ Polynesian tattoos တွေဟာ အနုပညာရဲ့ လှပမှုကို ဖော်ကျူး ပါတယ်။ ဒါပေမယ့် သင့်ရဲ့ ခန္ဒာကိုယ် ပေါ်မှာ ဒီ Polynesian tattoos များ မထိုးခင်တော့ သေသေချာချာ ရွေးချယ် စဉ်းစား ဖို့လို ပါတယ်။ ဘယ် ကျွန်းစု အခွဲရဲ့ ဒီဇိုင်း မျိုးကို စဉ်းစားပြီး ဘယ်လို အဓိပ္ပာယ်မျိုး လိုချင် သလဲ ဆိုတာတော့ မိမိ ဘာသာ အချိန်ပေး စဉ်းစားဖို့ လိုပါလိမ့်မယ်။ ဒါမှ ဘယ်သူ နဲ့မှ မတူနိုင်တဲ့ ထူးခြား လှပတဲ့ တက်တူး မျိုး မိမိ တစ်ဦးတည်း ပိုင်ဆိုင် နိုင်မှာ ဖြစ်ပါတယ်။ မိမိ ကိုယ်ပေါ်မှာ ထိုးပြီးပြီ ဆိုရင်တော့ သူတို့ကို အထူး ဂရုစိုက် ဖို့လည်း မမေ့ပါနဲ့။ ဒါမှသာ ဘယ်ချိန် ကြည့်ကြည့် မိမိ ခန္ဒာကိုယ်မှာ ထင်ရှား လှပပြီး အစဉ် လတ်ဆတ် နေတဲ့ ခံစားမှု မျိုးကို ဖြစ်စေ မှာပါ။ 

 Tattoo and Culture ပစိဖိတ် ကျွန်းစုကြီး ထဲကမှ ကျွန်းအခွဲ လေးများထဲက လူမျိုးများ ထိုးထားလေ့ ရှိတဲ့ ဒီ Polynesians tattoo အမျိုးမျိုးနဲ့ အဓိပ္ပာယ် အမျိုးမျိုးကို ဆက်ကြည့် လိုက်ရအောင်….။

Cook Island Tattoos 
Cook Island Tattoos ကတော့ မိမိ မိသားစု မျိုးနွယ်ရဲ့ အမှတ် အသားကို ရေးထိုး ထားခြင်း မျိုးပဲ ဖြစ်ပါတယ်။

   



Tahitian Tattoos 

Tahitian Tattoos ဟာ အခြေခံ လူနေမှု အဆင့်ကို ဖော်ပြတယ်။ ထိုးထားသူ တစ်ဦးနဲ့ တစ်ဦးရဲ့ မျိုးနွယ်တူ ဖြစ်ကြောင်းကို သတ်သေ ပြတယ်။ များသော အားဖြင့် ဒီတက်တူး မျိုးကို ကိုယ် ခန္ဒာ တစ်ခုလုံးမှာ ထိုးထားလေ့ ရှိပါတယ်။ တစ်ခါ တစ်လေ မျိုးမှာ မျက်နှာ မှာတောင် ထိုးထားတာကို တွေ့ရ တတ်ပါတယ်။

   



Marquesan Tattoos 

Marquesan Tattoos ကတော့ ဒီကျွန်းစု လူမျိုး တွေရဲ့ ယဉ်ကျေးမှု အမြင်ကို ဖော်ပြ ပါတယ်။ သူဟာ ရုပ်ပိုင်း ဆိုင်ရာ ကိုဖော်ပြ သလို ဘဝ ကိုလည်း ရည်ညွှန်းတယ်။ သူတို့ မျိုးနွယ် ဖြစ်ကြောင်း ပြောပြတဲ့ သင်္ကေတ တစ်ခုလည်း ဖြစ်ပါတယ်။

   

Hawaiian Tattoos 
Hawaiian Tattoos ဟာ ထိုးထား သူရဲ့ စိတ်ကြိုက် ကိုယ်ပိုင် အမှတ် အသား တစ်ခု သို့မဟုတ် ဖက်ရှင် တစ်ခု အနေနဲ့ ထိုသူ့ ခန္ဒာ ကိုယ်တွင် ရေးထူး ခြင်းမျိုး ဖြစ်ပါတယ်။ ဒီ တက်တူးဟာ မမြင်နိုင်တဲ့ မကောင်းတဲ့ ဘေး အန္တာရယ် မတော် တဆ မျိုးကို ကာကွယ် ပေးနိုင်တယ်။ ဒီ တက်တူး ထိုးထားသူကို ဒီလို ဘေး အန္တာရယ် ဖြစ်အောင် လုပ်ကြံမယ့်သူဟာ သူ့ အလိုလို အန္တာရယ် ကျရောက်ပြီး သေဆုံး သွားနိုင် ပါတယ်။
  

Maori Tattoos 
New Zealand ရဲ့ Maori Tattoos များကတော့ ထူးခြားတဲ့ ပရလောက (ဝိဥာည်ဆန်ဆန်) ဒီဇိုင်းမျိုး ဖြစ်ပါတယ်။ သူ့ကို ကြည့်လိုက်ရင် အားအင်တွေ နဲ့ပြည့်နေ တတ်တယ်။ တွန်းအား တစ်ခု လိုလည်း ဖြစ်တယ်။ လူနေမှု ပြယုဂ် တစ်ခု၊ ရည်မှန်းချက် ကို ဖော်ပြတယ်။ သူက တက်တူး ထိုးထား သူကို အမှတ် အသား တစ်ခု သီးသန့် ဖြစ်စေတယ်။ ထိုသူရဲ့ ဘဝ နောက်ကြောင်း တစ်လျှောက် လုံးကိုလည်း ပြောပြ နေပါတယ်။
  

Samoan Tattoos 
Samoan tattoo ကတော့ တကယ် ဖြစ်ပျက်တဲ့ အဖြစ် အပျက် တွေကို ကိုယ်စား ပြုတယ် လို့ဆို ပါတယ်။ ဒီ တက်တူးဟာ ထိုးထား သူရဲ့ ဇာတ်လမ်း အဖြစ်မှန် တွေကို ပြောပြ နေတယ်။ ဒီလူရဲ့ အသက် အရွယ်၊ လူနေမှု စရိုက်နဲ့ အဆင့် အတန်း တို့ကိုပါ မြင်နိုင်တယ်။ ဒါကြောင့် ဒီလို တက်တူး တွေဟာ ကြီးမားပြီး ရှုပ်ထွေး လွန်းတယ်။ ဒါပေမယ့် သူ့ကို ယောကျာ်းကော မိန်းမ များပါ သဘောကျ နှစ်သက်စွာ ခန္ဒာကိုယ် ပေါ်မှာ ဆေးရောင် ခြယ်သ ကြပါတယ်။
   

Easter Island Tattoos 
Easter Island Tattoos ကတော့ ဒီကျွန်းစုမှာ ရှိတဲ့ ဘာသာရေးကို ကိုင်းရှိုင်းတဲ့ အမှတ်အသားကို ဖော်ပြပါတယ်။ ဒီတက်တူး ထိုးထားတဲ့ အရေပြားဟာ ဘုရား သခင်ရဲ့ ကောင်းချီး ပေးခြင်းကို ခံရသူ ဖြစ်တယ်လို့ ယုံကြည်တာကြောင့် ဒီတက်တူး ထိုးထားရင် ဘုရား သခင်နဲ့ ဆက်သွယ်မှု များပြုလုပ် နိုင်မယ်လို့ ဆိုပါတယ်။
   

Tonga Tattoos 
Tonga tattoos များဟာလည်း Samoan tattoos များနဲ့ အဓိပ္ပာယ်ချင်း ဆင်တူပါတယ်။ ဒီတက်တူးဟာ ထိုးထားတဲ့ သူရဲ့ ဘဝ နောက်ကြောင်း၊ လူနေမှု ဘဝ အဆင့်အတန်းနဲ့ အသက်အရွယ်တို့ကိုလည်း ဖော်ပြပါတယ်။

   

မှတ်ချက်။ ။ မတော်တဆ အမှားများ ပါရင် ခွင့်လွှတ်ပေးရန် တောင်းပန်လိုက်ပါတယ်ရှင်။ ဓာတ်ပုံများကိုတော့ ကိုယ်နှစ်သက်တဲ့ ပုံများကို Google မှ search ပြီး ကူးယူ ဖော်ပြ ခြင်း ဖြစ်ပါတယ်။ 

Reference : http://www.buzzle.com/articles/polynesian-tattoo-meanings.html

0 comments:

Post a Comment

Note: Only a member of this blog may post a comment.

 
Design by