
သြော်.. ချောတယ်ပေါ့.. လို့ ကြည့်ရင်းနဲ့က ကိုယ့်ရှေ့ကို ကျော်သွားတော့မှ သူ့နောက်ကျောမှာ ကုက္ကိုင်ပင်ကြီးတစ်ပင် တင်ထားတဲ့အတိုင်း တက်တူးကြီးကို ထိုးထားတာတွေ့လိုက်ရတော့ ကြိုက်တာထက် ကျော်ပြီး ကြက်သီးများပင် ဖျန်းတက်သွားသေးခဲ့တာ မှတ်မိပါသေးတယ်။ ရှုခင်း တစ်ခုကို သူ့ကျောမှာ မြင်လိုက်ရသလိုပါပဲ။ အတော်လည်း သတ္တိရှိတယ်လို့ ယူဆမိပါတယ်။ တချို့ကတော့ ကြိုက်ချင်မှ ကြိုက်မှာပေါ့နော်။ ကိုယ်သဘောကျလို့ သိချင်တာတွေလည်း ရှိလို့ အဓိပ္ပာယ်ရှိတဲ့ တက်တူးတွေ အကြောင်းကို ဖတ်ပြီး ဘာသာပြန်ကာ ပြန်ဖော်ပြလိုက်ပါတယ်ရှင်။ မတော်တဆ အမှားများ ပါရင် ခွင့်လွှတ်ပေးပါရန် တောင်းပန်လိုက်ပါတယ်။
Polynesians tattoos
Polynesians tattoos ဟာသမိုင်းကို လေ့လာသူများ အတွက် စိတ်ဝင်စားစရာ ကောင်းတဲ့ အရာ တစ်ခုလည်း ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူ့ရဲ့ နောက်ကွယ်မှာ နှစ်ပေါင်း ထောင်ချီ ကြာနေပြီ ဖြစ်တဲ့ သမိုင်းဝင် ဇာတ်လမ်းများ ရှိနေလို့ ဖြစ်ပါတယ်။ ဒီ ဆေးမှင်ကြောင်တွေနဲ့ ပုံစံနဲ့ ဒီဇိုင်းရဲ့ နောက်ကွယ်မှာ အလွန် စိတ်ဝင်စားဖွယ်ရာ ကောင်းတဲ့ သမိုင်း နောက်ကြောင်းတွေ ရှိနေပါတယ်။ Polynesians tattoos မှာ ပုံစံနှစ်မျိုး ရှိပါတယ်။ ပထမ ပုံစံကိုတော့ Etua လို့ခေါ်ပါတယ်။ သူက ဘာသာရေးနဲ့ ပရလောက (ဝိညာဉ်ဆန်ဆန်) ထင်ရှားတဲ့ အမှတ်အသား တစ်ခု ပုံစံ ဖြစ်ပါတယ်။ ဒီ tattoos အမျိုးအစား ထဲမှာတော့ ထူးခြား ဆန်းပြားတဲ့ မျက်လှည့် သင်္ကေတ ပုံမျိုးကို အသုံးပြုလေ့ ရှိပါတယ်။ အဓိပ္ပာယ်ကတော့ ဘုရားသခင်ရဲ့ ကာကွယ်စောင့်ရှောက်မှု အောက်မှာ ရှိနေပါတယ် ဆိုတာကို ဆိုလိုတာပါ။ ဒုတိယ ပုံစံ တစ်ခုကိုတော့ Enata လို့ခေါ်ပါတယ်။ ဒီပုံစံ အောက်မှာတော့ သဘာဝ ဆန်တဲ့ ဒီဇိုင်းမျိုးကို ကိုယ်ပေါ်မှာ ရေးထိုးခြင်းမျိုး ဖြစ်ပါတယ်။ ဥပမာအားဖြင့် လူတစ်ယောက်ရဲ့ အတွေးအခေါ် အိုင်ဒီယာ စာသားမျိုး၊ သတ်မှတ်ချက် တစ်ခု၊ လုပ်ကိုင်တဲ့ ရာထူး အလုပ်အကိုင်၊ လူတစ်ယောက်ရဲ့ မွေးရပ်မြေ၊ လူတစ်ယောက်ရဲ့ ဘဝ နောက်ကြောင်းကို ဖော်ပြတဲ့ ပုံမျိုး သို့မဟုတ် စာသားမျိုး ကို ရေးထိုးခြင်းမျိုး ဖြစ်ပါ တယ်။ ယေပူယျ အားဖြင့်တော့ Polynesian tattoos ဆိုတာ ဘုရားသခင်ထံမှ စွမ်းအားများ ရရှိခြင်း၊ အောင်မြင်မှုများ ရရှိခြင်း၊ ကောင်းချီးများ ရရှိခြင်း ဆိုတဲ့ အနှစ်သာရကို အဓိပ္ပာယ် ဖော်ဆောင် ပါတယ်။
(Polynesian = ပစ္စဖိတ် သမုဒ္ဒရာထဲက ကျွန်းစုတစ်စုမှာ နေထိုင်တဲ့ လူမျိုးစုတစ်စု)
Tiki
Tiki ဆိုတာ ကျွန်းစု လူမျိုးများရဲ့ ပုံသဏ္ဍန် တက်တူးမျိုး ဖြစ်ပါတယ်။ သူ့ရဲ့ ဒီဇိုင်းဟာ လူ့ခန္ဒာကိုယ်ပုံစံ ပေါ်အောင် စောက်ထွင်းထားတဲ့ ပန်းပုရုပ် တစ်ခုလိုပါပဲ။ သူတို့ကို လူသားများ စတင် ဖြစ်ပေါ်လာမှုကို ကိုယ်စားပြုတယ်လို့ ယူဆကြတယ်။ နောက်ပြီး မိမိကိုယ်ထဲမှာ မကောင်းတဲ့ အရာများ မကောင်းတဲ့ စွမ်းအားများကို မောင်းထုတ်နိုင်တဲ့ အစွမ်း ရှိတယ်လို့လည်း ယုံကြည်ကြတယ်။ များသောအားဖြင့် သူတို့ ဒီဇိုင်းဆွဲတဲ့ အခါ မျက်လုံးမှိတ်ထားတဲ့ ပုံမျိုးကိုသာ အနုပညာ လက်ရာ မြောက်မြောက် ပြုလုပ်လေ့ ရှိပါတယ်။ သူ့ရဲ့ အဓိပ္ပာယ် ကတော့ ဒုက္ခ အန္တရာယ်ကို ရဲရဲရင့်ရင့် ရင်ဆိုင်နိုင်တဲ့ အစွမ်း ရှိတယ်လို့ ဆိုပါတယ်။
Sharks and Their Teeth
ဒီတက်တူးရဲ့ ဒီဇိုင်းကတော့ ငါးမန်းတစ်ကောင်လို ဖြစ်ပြီး သူ့ရဲ့ သွားတွေနဲ့လည်း ပုံသဏ္ဍန် တူပါတယ်။ သူ့ကို အလွန် ထူးခြားတဲ့ စွမ်းအားရှိလို့ ဘုရားသခင်နဲ့ ရင်းနှီးစွာ အဆက်အသွယ်မျိုးတောင် လုပ်နိုင်တယ်လို့ ယုံကြည်ကြတယ်။ ရန်ကို ကာကွယ်နိုင်တယ်လို့ ကိုယ်စားပြုတယ်။ ကိုယ့်ရဲ့ အန္တရာယ်တွေ အနှောင့်အယှက်တွေ ရန်သူတွေ ဘေးကနေ ကာကွယ်မှု ပေးနိုင်တယ် လို့လည်း ယုံကြည်ကြတယ်။ ဒါကြောင့် ဒီ Polynesian tattoos ဒီဇိုင်းများထဲမှာ သူ့ရဲ့ ငါးမန်းဆူးတောင်နဲ့ ချွန်ထက်တဲ့ သွားများ ဒီဇိုင်းဟာလည်း ကျော်ကြားတဲ့ ဒီဇိုင်းထဲမှာ တစ်ခု အပါအဝင် ဖြစ်ပါတယ်။
Turtles
လိပ်ပုံသဏ္ဍန် ဒီဇိုင်း ဖြစ်ပါတယ်။ လိပ်တွေဟာ အချိန်ကာလ ကြာရှည်စွာ နေထိုင်လေ့ ရှိတာကြောင့် အသက်ရှည်စွာ နေထိုင်ရမယ် ဆိုတဲ့ အဓိပ္ပာယ်ကို ကိုယ်စားပြုပါတယ်။
Geckos
ပူနွေးတဲ့ အရပ်ဒေသမှာ ရှိတဲ့ အိမ်မြှောင်လို အကောင်မျိုး ပုံသဏ္ဍန် ဒီဇိုင်းဖြစ်ပါတယ်။ Polynesian တွေက သူတို့ကို သာမာန်ထက် ထူးခြားတဲ့ သဘာဝမျိုး ပိုင်ဆိုင်တဲ့ အစွမ်း ရှိတယ်လို့ ယုံကြည်ကြတယ်။ နောက်ပြီး သူတို့ဟာ မကောင်းတဲ့ ကံကြမ္မာမျိုးကို လုပ်နိုင်စွမ်းတယ် ပိုင်ဆိုင်တယ်လို့လည်း Polynesianတွေက ယူဆကြတယ်။ တကယ်လို့ ဒီလို အကောင်မျိုး အစိမ်းရောင်ဟာ ရယ်မောလိုက်မယ်ဆို ကံကြမ္မာဆိုးများ ဖျားနာမှုများ နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင် ပါတယ်။
Shells
အခွံ ပုံသဏ္ဍန် တက်တူး ဒီဇိုင်း ဖြစ်ပါတယ်။ ရှေးခေတ်တုန်းက ဒီလို အခွံတွေကို ပိုက်ဆံ အဖြစ် အသုံးပြုခဲ့ကြတယ်လို့ ယူဆခဲ့ကြတယ်။ ဒါကြောင့် ဒီလို အခွံ ပုံစံ တက်တူးမျိုးက လူကြိုက်များလာခဲ့ပါတယ်။ ဒီတက်တူးမျိုး ထိုးထားသူဟာ ချမ်းသာ ကြွယ်ဝခြင်း၊ ကံကောင်းခြင်း၊ ကောင်းချီးများနှင့် ခံစားရခြင်းမျိုး ပိုင်ဆိုင်မယ် ဆိုတဲ့ အဓိပ္ပာယ်မျိုးကို ဆောင်ပါတယ်။
Reference: http://www.buzzle.com/articles/polynesian-tattoo-meanings.html
0 comments:
Post a Comment
Note: Only a member of this blog may post a comment.