Wednesday, May 22, 2013


စိတ်ညစ်နေလို့ Ice Cream Bar လေးကို အရမ်းသတိ ရနေပါတယ်။ ချိုချို အေးအေး မွှေးမွှေးလေး အရသာလည်း အလွန်ရှိတဲ့ ရေခဲမုန့်ပဲ ဖြစ်ပါတယ်။ 






 တစ်နေ့က ငယ်သူငယ်ချင်း ၂ယောက်နဲ့ တူတူ Junction Square မှာ ရုပ်ရှင်ကြည့်ပြီးတော့ စကားပြောချင် သေးတာကြောင့် ဒီဆိုင် လှလှလေးမှာ ဝင်စားခဲ့ကြတာ။ ကိုယ်ကြိုက်တာ ရွေးပြီး ပန်းရောင် ထိုင်ခုံလေးတွေမှာ ထိုင်ခဲ့ကြတာ။ ဓာတ်ပုံတွေ အများကြီး ဘေးလူတွေ မျက်စိနောက်အောင် ရိုက်ပြီး ရယ်နေခဲ့ကြတယ်။ မတွေ့တာလည်း ကြာပြီဆိုတော့ ပြောစရာတွေက အများကြီးမို့ စက်သေနတ် ပစ်သလိုကို ပစ်ခဲ့ကြတာ။ 

ဒို့စားတာကတော့ Coconut Ice Cream ပေါ့။ ဖြုဖြူလေး။ ရမ်းရွေးလိုက်တာ ဒို့ Ice Cream ကအရသာ အရှိဆုံးမို့ သူငယ်ချင်း ၂ယောက် ခိုးစားမှာကြောက် ခဲ့ရသေးတယ်။ လက်နဲ့ ကွယ်ကွယ်ပြီး သူတို့ အမြင်ကတ်အောင် လုပ်ခဲ့သေးတယ်။ 

Ice Cream Bar ကိုတတိလိုက်တာ...... :P

0 comments:

Post a Comment

Note: Only a member of this blog may post a comment.

 
Design by