၂၀၁၃ သင်္ကြန်အမှီ နှစ်ကူး ရာသီ မုန့်လုံးရေပေါ်လေးကို ကံကောင်း ထောက်မစွာနဲ့ အကြိုနေ့ မတိုင် တစ်ရက်မှာ ကိုယ်တိုင် ကိုယ်ကျ လုပ်စားခဲ့ပါတယ် ရှင့်။ မုန့်လုံးရေပေါ်ဆို သိပ်ကို နှစ်သက်တတ်ပြီး ရာသီ မဟုတ် တာတောင် မရ ရတဲ့ ဆိုင်မှာ ဝယ်စားလေ့ ရှိခဲ့ပါတယ်။ ကြိုက်သလောက် ဝယ်ပြီး ပျော်ပျော် ရွှင်ရွှင်ကို တစ်ယောက်တည်း အားပေး လေ့ရှိပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ တခြားသူတွေ အဖော်စပ်ရင်လည်း ဘယ်သူမှ လိုက်အားပေး စားလေ့ မရှိပါဘူး။ သူ့အချိန် သူ့ရာသီ မဟုတ်တာကြောင့် စားလို့ မကောင်းဘူး ဖီးလ်မလာဘူးလို့ ဆိုပါတယ်။ ကျွန်မကတော့ ရတဲ့ ဆိုင်ရောက်တိုင်း ရင်ခုန်စွာ စားသုံး တတ်ပါတယ်ရှင့်။ စားဖို့ ဗိုက်မဆန့်တော့ဘူး ဆိုရင်တော့ ပါဆယ် ထုပ်ကာ အားပေးပါတယ်။
အဲ့ဒိ ဒုက္ခတွေကို ခံစား စရာ မလိုတော့အောင် ခုတော့ ကိုယ်တိုင် လုံးပြီး စိတ်ကြိုက် လုပ်စားခဲ့ကြပါတယ်။ Company Office မှာ သင်္ကြန် အကြိုအနေနဲ့ လုပ်စား ကြတာဆိုတော့ လုပ်ဖော်ကိုင်ဖက်တွေ တူတူ လုပ်စား ခဲ့ကြတာပါ။ ကျွန်မက အဆင့်ဆင့် ကိုတော့ မှတ်တမ်းတင်ခဲ့ပါတယ်။ ပြန်ကြည့်ပြီး ပြန်ကြည် နူးစေ ဖို့ ရည်ရွယ်ပါတယ်။
ထန်းလျက်ခဲများ မခွဲမီပုံ....
မုန့်နှစ် ဖျော်တော့မယ်..
မုန့်နှစ် စဖျော်ပြီ...
မုန့်နှစ်တုံးကြီး ဖြစ်သွားပြီ..
ထန်းလျက်ခဲလေးတွေ အရွယ်တော် ခွဲလိုက်သော်...
အုန်းသီး ခြစ်မယ်..
ပထမဆုံး မုန့်လုံးရေပေါ်..
Before / After ..
မုန့်လုံး ရေမပေါ်သေးခင်..
ရေး... စားဖို့ အဆင်သင့် ဖြစ်ပြီ. အိအိတုံတုံ လုံးလုံး မုန့်လုံးရေပေါ်လေးများ ဖြစ်ပါတယ်ရှင့်...
မြန်မာ မင်္ဂလာနှစ်သစ်မှာ လူတိုင်း လူတိုင်း ပျော်ရွှင် ချမ်းမြေ့ကြပါစေ..း)
မြန်မာ မင်္ဂလာနှစ်သစ်မှာ လူတိုင်း လူတိုင်း ပျော်ရွှင် ချမ်းမြေ့ကြပါစေ..း)
0 comments:
Post a Comment
Note: Only a member of this blog may post a comment.